Thursday, December 5, 2013

Firmware တင်ရင် Update Failed ဖြစ်နေကြတာ တွေ့တော့ ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက်

ကဲ ဒီမှာ မရေးဖြစ်တာလည်း ကြာသွားတော့ ဘာလေး လုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့။ Firmware တင်ရင်


Update Failed ဖြစ်နေကြတာ တွေ့တော့ ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက်။ ကျွန်တော်


တတ်နိုင်သလောက်လေး လုပ်ပေးထားတာလေးပါ။ လိုချင်ရင်တော့ ယူကြဗျာ။ Huawei StockRecovery Installer


လို့တော့ နာမည်ပေးထားတယ်။သူက ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတော့။ Official Firmware မှာ ပါတဲ့ boot.img နဲ့


recovery.img ကို သွင်းပေးမှာပါ။ ကျွန်တော် နားလည်ထားသလောက်ကတော့ Update Failed ဖြစ်ရတဲ့ ပြသနာက


တင်ထားတဲ့ Recovery ( CWM ပေါ့နော်) က firmware တင်တဲ့အခါမှာ Support မပေးနိုင်လို့ Update Failed


ဖြစ်တယ်လို့သိထားပါတယ်။အဲဒါကြောင့် ဒါလေးကိုဖန်တီးဖြစ်သွားတာပါ။ နောက်တစ်ချက် ဆိုင်သမားတွေ


အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Root ဖောက်ဖို့အတွက် CWM တင်ပေးလိုက်တဲ့အခါမှာ ပါဝါပိတ်ပြီး အားသွင်းတဲ့အခါ


Recovery Mode ထဲကို ရောက်သွားတဲ့ ပြသနာကလည်း ကင်းဝေးပါလိမ့်မယ်။ နောက်တစ်ချက် ဘုမသိ၊ဘမသိ


ကလိတတ်တဲ့ Customerတွေ Recovery mode ထဲရောက်ပြီး ဟိုဟာ လုပ်မိ၊ ဒီဟာ လုပ်မိလို့


ကိုယ်လုပ်ပေးထားတာလေးတွေပျက်ပြီး နောက်တစ်ခေါက် ပြန်လုပ်မပေးရတော့ဘူးပေါ့ဗျာ။ကဲ..ကဲ… ဟုတ်ရဲ့လားတော့


စမ်းကြည့်လိုက်ကြပါအုံး။ ဘာတွေအတွက် ပါမလဲတော့သိချင်မှာပေါ့နော်။ ဒါတွေ ပါပါတယ်။


1.U8650


2.C8650 3.U8661 Sonic+


4.C8800 5.C8810


6.C8812 7.U8818


8.U8950D 9.U8825D


10.C8825D 11.U8860


12.C8860E


အောက်မှာ ယူဗျာ။ လိုင်းမကောင်းတော့ တင်လို့ ရတဲ့ နေရာကနေပဲ တင်ပေးလိုက်နိုင်တာကို ခွင့်လွတ်ကြနော်။


Download Link 1 : https://www.box.com/s/hokw38sewu1p0amqc8yh


Download Link 2 :https://www.sugarsync.com/pf/D0019460_943_25963148


Download Link 3 : https://www.dropbox.com/s/9vd0329dr2njuug/HuaweiStockRecoveryInstaller%203y%20


အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်နော်။ အားပေးစကားလေးတော့ ပြောခဲ့ကြပါအုံးနော်။


No comments:

Post a Comment